မဟာကျိန်သစ္စာရှင်ဘုရား သွန်းလုပ်ပုံအဆင့်ဆင့် - Thi Ha Paing

Latest

VIA Myanmar Group Founder

About

BANNER 728X90

Sunday, June 14, 2015

မဟာကျိန်သစ္စာရှင်ဘုရား သွန်းလုပ်ပုံအဆင့်ဆင့်

မဟာကျိန်ဘုရား သွန်းလုပ်ပုံအဆင့်ဆင့် . . . .  

မဟာကျိန်ဘုရား စတင်သွန်းလောင်းရန်အတွက် ပညာရှိပုရောဟိတ် ဟူးရားကြီးတို့သည် ပြည်စိုးကြီးအမတ် (သို့) နန်းရင်းဝန် (သို့) အမတ်ချုပ်တို့နှင့် တိုင်ပင်၍ သင့်မြတ်သောနေ့ရက် အခါနာရီကို တွက်စစ်ကာ ထင်ရှားသော ဘုရားသိမ်တော်အနီး၌ ဖြစ်စေ သင့်လျော်သောနေရာတစ်ခု၌ဖြစ်စေ၊ ညီညာသောမြေတလင်းပြုလုပ်၍ မြေစေးဖြင့် လိမ်းကျံကာ သဲဖြူခင်းရ၏။ ရတန်ာ (၇)ပါးရေ၊ အမွှေးနံ့သာရည်များပက်ဖျန်းရ၏။ ၄င်းနောက် သံဃာတော်အရှင်မြတ်များကို ပင့်ဖိတ်၍ ဆွမ်းကပ်လှူခြင်း၊ ကမ္မ၀ါရွက်ဖတ်ခြင်း၊ အောင်ခြင်းရှစ်ပါး၊ မင်္ဂလသုတ်၊ ရတနသုတ်၊ ဘူမိဇယမန္တာန်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကာ မြေကို သန့်စင်ရပါသည်။ လေးဖက်လေးတန် ရာဇမတ်သုံးထပ်ကာရံ၍ စည်းသုံးတန် တားရသည်။
အတွင်းဆုံးစည်း ရာဇမတ်အတွင်း၌ အပြစ်ခြောက်ပါးကင်းစင်သော ကံ့ကော်၊ စံကား၊ ချရား၊ ပိန္နဲ စသော နံသင့်သစ်တိုင်ရှစ်တိုင်ကို သစ်စေးကိုင်၍ ရွှေပိန်းချကာ အရပ်ရှစ်မျက်နှာ၌ နေ့နံအလိုက် ဂြိုလ်တိုင်ရှစ်တိုင် စိုက်ထူရ၏။ အညွန့်ရှင် မင်းယောင်္ကျားသာစိုက်ထူရ၏။ လဲပြိုခြင်းမရှိစေရ။ ရင်းဖျား မမှားစေရပါ။ နေ့နံနှင့် ဂြိုလ်တိုင်မမှားစေရ။ ရာဇမတ်အတွင်း အလယ်ဗဟိုတွင် မဟာကျိန်ဘုရားသွန်းလုပ်ရန် အိုးသစ်၊ မီးဖိုသစ်များကို အဆင်သင့်ထားရှိစေပြီး ရွှေဖျင်၊ ငွေဖျင် မိုးကာထားသောမဏ္ဍပ်ထိုးရခြင်း၊ ရတနာများကို ကျိုရန် နံ့သာ စသော အမွှေးအကြိုင်ထင်းများကိုသာ အသုံးပြုရ၏။ ၄င်းနောက်ငွေစင်ငွေအိုး (၉)လုံး၊ ထီးဖြူ (၉) လက်ကို ဘုရားသွန်းလောင်းမည့်နေရာတွင် တစ်ုခစီ ဂြိုလ်တိုင်ရှစ်ုလုံးတွင်ထားရ၏။ တံခွန်၊ ကုက္ကား၊ မုလေပွေများကိုလည်း စိုက်ထူရ၏။ ရာဇမတ်ကာရံထားသော စည်းသုံးတန်ထောင့်များတွင် အသီးနှင့်ပြည့်စုံသော ငှက်ပျောပင် စုစုပေါင်း တစ်ဆယ့်နှစ်ပင်စိုက်ထူထားရမည်။ အတွင်းရာဇမတ်ပတ်လည်တွင် ပိတ်ဖြူကာရံ၍ အပြင်ရာဇမတ်ထပ်တွင် ရှာနီပိတ်ကာရံရ၏။
အခမ်းအနားစမည့်အချိန်နာရီ နက္ခတာရာအခါ ကိုက်ညီသည်နှင့်တစ်ပြိုင်တက်သီလမြဲသော ဟူးရာဖြူ လေးယောက် ဟူးရာညိုလေးယောက်တို့သည် သန့်စင်သော အ၀တ်ဖြူကိုဝတ်ဆင်လျက် ပတ္တမြားစီသော လက်ယာရစ်ခရုသင်းကိုယ်စီကိုင်ပြီး ရာဇမတ်အတွင်း ဂြိုလ်တိုင်ရှစ်တိုင်၌ရပ်ကာ အခါစေ့သည်ဟု အချက်ပြသည်နှင့် တစ်ပြိုင်နက် ခရုသင်းမှုတ်ခြင်း၊ ဂြိုလ်စောင်နတ်၊ စတုလောကပါလနတ်၊ သာသနာစောင့်နတ်၊ ပြည်စောင့်နတ်၊ အာကာသစိုး၊ ဘုမ္မစိုး၊ ရုက္ခစိုးနတ်များအား ပင့်ဖိတ်ခြင်းပြုလုပ်ရ၏။ ထို့နောက် ဂြဟဇယဂါထာတော်၊ သရဏသီရိသျှိန္ဒ ဘူမိဇာလဂါထာတော်နှင့် အခြားသော ဂါထာမန္တာန်တော်များကို ရွတ်ဖတ်ကြရ၏။ ထိုအချိန်တွင် ဘုရားသွန်းလောင်းမည့် ပန်းတဉ်းဆရာကြီးများသည် သီလ ဆောင်တည်ကာ ၀တ်ဖြူစင်ကြယ်ဝတ်ဆင်လျက် စန္ဒာကူးနံ့သာထင်းကို မီးမွှေးပေးရ၏။ ထိုအချိန်မှစ၍ ရာဇမတ်စည်းကာထားသောနေရာတွင်းသို့မည်သူမျှဝင်ခွင့်မရ။ စည်းအတွင်းမှ လူများလည်း အပြင်သို့ထွက်ခွင့်မရ။ ဤသို့ (၉) ရက်တိုင်တိုင်နေကြရ၏။ စည်းအတွင်းမှ လူများအားလုံးလည်း သီလမြဲကြရ၏။ အ၀င်၊ အထွက် မပြုနိုင်အောင် ထက်အောက်ဝန်းကျင်အရပ်၌ သူရဲသူခက်များကို အစောင့်ချထားရ၏။ ဟူးရားဖြူ၊ ဟူးရားညို၊ ပန်းတဉ်းဆရာကြီးများ စားသောက်နေထိုင်ရန် အလယ်စည်းအတွင်း ၌ စီစဉ်ထားရ၍ ကိုယ်လက်သန့်စင်ရန် အပြင်စည်းအတွင်း၌ ပြုလုပ်ပေးထားရ၏။ လိုအပ်သောအစားအစာနှင့် သောက်သုံးရေများကို စညိးအပြင်ဘက်မှ ကမ်းလှမ်းကြရ၏။ ဟူးရားဖြူ။ ဟူးရားညိုတို့က ဂါထာမန္တများကိုရွတ်ဆိုနေစဉ် ပန်းတဉ်းဆရာကြီးများက မဟာကျိန်ဘုရားသွန်းလောင်းမည့်ရတနာများကို သန့်စင်သောအိုး၊ သန့်စင်သောမီးဖိုများဖြင့် အမွှေးနံသာမီးလျှံတည့်ကာ အရည်ပျော်စေပြီး ညဘက်တွင်မီးငြိမ်းအေးစေရ၏ ရေဖြင့်ပက်ဖျန်း၍ မီးမငြိမ်းရ။ ရတနာများကျိုချက်သောအိုးကိုမီးဖိုပေါ်တင်ထားရ၏။ မီးဖိုပေူမှ ရွေ့ပြောင်းခြင်းလုံးဝမရှိစေရ။ မီဒအရှိန်ကိုလည်း အိုးအလျှော့မရှိစေရ။ တစ်မီးတည်းဖြင့်ကျိုရခြင်းဖြစ်ပါသည်။ မီးကို လုံးဝငြိမ်းသတ်ခြင်း မရှိစေရပါ။ အလိုလျောက်ငြိမ်းအေးစေရာ၏။ နောက်နေ့နံနက် အာရုံတက်ချိန်တွင် ဆိုခဲ့ပြီးသည့်အတိုင်းလုပ်ကြရ၏။ ဤသို့ဖြင့် ကိုးရက်မြောက်နေသောနေ့အခါကောင်းအခါမြတ်ရောက်သည်နှင့် တစ်ပြိုင်နက် ပန်းတဉ်းဆရာကြီးများသည် ကျိုချက်သန့်စင်ထားသော ရတနာများဖြင့် မဟာကျိန်ဘုရားကို သွန်းလောင်းကြရပါသည်။ ရုပ်ပွားတော်ကို အရှေ့ဘက်အရပ်မျက်နှာ သွန်းလုပ်ရပြီး သွန်းလုပ်နေစဉ်အတွင် ဟူးရားဖြူ၊ ဟူးရာညိုတို့က ရွှေပေါက်ပေါက် ငွေပေါက်ပေါက် ကြဲဖြန့်လျက် အနေကဇာတိ သံသာရံ အစချီဂါထာတော်ကို ရွတ်ဖတ်ပူဇော်ကြရသည်။
မဟာကျိန်ဘုရား၏ပုံောတ်မှာ တင်ပျဉ်ခွေပုံတော်ဖြစ်ပါသည်။ ဦးတော်တွင် ရာဇာဘိသေကမင်္ဂလာခ့ယူမည့်ဘုရင်၏ မကိုဋ်သရဖူအတိုင်း သရဖူဆောင်ထားလျှက် လည်ပင်းတော်၌ အရေးသုံးရေးပါရှိပြီး နားတော်မှာ ပုခုံးတော်နှင့် မထိဘဲ ဘုရင်မင်းမြတ်ဝတ်ဆင်ထားသော နားတောင်းမျိုးဝတ်ဆင်ထားရသည်။ ၀တ်ရုံတော်မှာလည်း ဘိသိက်ခံဘုရင်၏ ၀တ်ရုံတော်မျိုးဖြစ်သည်။