မဟာကျိန်သစ္စာရှင် ဘုရားသမိုင်း - Thi Ha Paing

Latest

VIA Myanmar Group Founder

About

BANNER 728X90

Sunday, June 14, 2015

မဟာကျိန်သစ္စာရှင် ဘုရားသမိုင်း


မဟာကျိန်သစ္စာရှင် ဘုရားသမိုင်း . . . .
ရှေးအခါက ဗုဒ္ဓါဘိသေကမဂ်လာဆင်ယင်ကျင်းပရာ၌ အသုံးပြုခဲ့သော ဘုရားဆင်းတုတော်ကို ဘိသေကမုနိဆင်းတုတော်ဟု ခေါ်သည်။ ဤဘိသေကမုနိသွန်းခြင်းကို ဝေသာလီခေတ် မဟာစန္ဒြမင်းကြီးက အစပြုခဲ့ကြောင်းမှတ်တန်းများအရ သိရှိရသည်။
ရခိုင်တွင် ခေတ်(၄)ခေတ်ပေါ်ပေါက်ခဲ့သည်။ ဘီစီ ၅၈၀ မှ အေဒီ ၃၂၆ ထိ ဓည၀တီခေတ်၊ အေဒီ ၈၁၈၁ အထိ ဝေသာလီကျောက်လှေကားခေတ်၊ အေဒီ ၈၁၈ မှ အေဒီ ၁၄၃၀ အထိလေးမြို့ခေတ်၊ အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၄ ထိမြောက်ဦးခေတ်တို့ဖြစ်ကြသည်။
ဝေသာလီ ကျောက်ချေကားခေတ်ကို မဟာသူရိယတိုင်း စန္ဒြမင်း (မဟာ စန္ဒြမင်း) သည် အေဒီ ၃၂၇ တွင်စတင်တည်ထောင်ခဲ့သည်။ ဤစန္ဒြမင်းအကြောင်းကို မဟာဇာရ၀င်တော်ကြီးတွင် သူရိယကေတုမင်းကြီးနှင့် မိဘုရား သုဘာသီလတို့မှ မိဘုရား၏အိမ်မက်အရ ဖွားတော်မူသောသားဖြစ်၍ ဘုန်းကြီးသောမင်းသားဖြစ်မည်ဟု ပညာရှိများက ဟောကိန်းထုတ်ခဲ့လေသည်။ မင်းသားအားဖွားမြင်သောနေ့တွင်ပင် ဥက္ကာပျံခြင်း၊ မြေကြီးတုန်လှုပ်ခြင်းတို့ဖြစ်ကုန်သည်။ ထိုအတိတ်နိမိတ်ကြောင့် မင်းသားကို မဟာစန္ဒြမင်းဟု မှည့်ကုန်၏။
ထိုမင်းသားအရွယ်ရောက်လတ်သော် ဦးရီးတော်၏ သမီးရင်း သုပဘာဒေ၀ီနှင့် ထိမ်းမြားမင်္ဂလာပြုတော်မူ၏။ ဖခမည်းတော်က မင်းသားအား အိမ်ရှေ့မင်းအဖြစ်ကို အပ်နှင်းတော်မူ၏။
ဖခမည်းတော် သူရိယကေတုမင်း နတ်ရွာစံလွန်လျှင် ထီးနန်းကို ဆက်ခံလေသည်။ ထိုစန္ဒြမင်းသည် ဘုန်းတန်ခိုး အလွန်ကြီး၍ သိကြားမင်းက အရိန္ဒမာလှံပျံကို ဆက်သက်ရလေသည်။
` ထိုအရိန္ဒမာလှံပျံသည် အရိုးရွှေဖြင့်ပြီး၍ သုံးတောင်ရှည်၏။ လှံသွားသုံးမိုက်ရှည်၍ စိန်ဖြင့်ပြီး၏။ မိုးကြိုးလက်ကောက်ဝါးချည်ဝတ်လျက်ပါ၏။ အမွေးလည်းမိုးကြိုးဖြင့်ပြီး၏။ အောက်မြီးပွင့်ကားအနီ၊ အောက်ခံကတော့ကား ပတ္တမြားဖြင့်ပြီး၏။ ထိုနှစ်တွင်ပင် ဘိသိပ်ခံတော်မူ၏။ အေဒီ-၃၂၆ နှစ်မလည်ခင်ပင်လျှင် ဆင်ဖြူရတနာသေ၏။ မိဖုရားကြီး အနိစ္စရောက်လေသည်။ ဤအကြောင်းကိုဗေဒင်တတ်ဟူးရားကျော်တို့က ဓည၀တီမြို့ကိန်းခန်းကုန်၍ မြို့တော်အသစ် တည်သင့်ကြောင်းလျှောက်ထားကြသည်။
ထို့ကြောင်းကန်သုံးဆင့်ကိုတည်၍ တစ်နှစ်စိုးစံခဲ့သည်။ ထိုမြို့၌ စိုးစံနေစဉ် နန်းတော်အတွင်းရောဂါများဖြစ်၍ ထိုနှစ်တစ်ဖန် မြို့သစ်အဖြစ် ဝေသာလီ ကျောက်လှေကားမြို့တော်ကိုတည်ထောင်တော်မူသည်။
ထို့နောက်ရှိပြီးသော မဟာမုနိသိမ်တော်ကို အသစ်တည်ဆောက်ခဲ့သည်။
မဟာမုနိဆင်းတုတော်တွင်လည်း မိမိရာဇဘိသိက်ျသွန်းလုပ်စဉ် ၀တ်ဆင်ခဲ့သော မင်းဝတ်တန်ဆာများကို ရွှေဖြင့်ပြုလုပ်ပြီး ပတ္တမြား၊ မြ၊ စိန် တို့ကို စီစေပြီး လှူဒါန်းတော်မူသည်။ မဟာမုနိဆင်းတုတော်မှာ လွန်စွာသပ၌ာယ် တင့်တယ်တော်မူသည်။ ထိုပုံစံအတိုင်း ပဉ္စလောဟာဖြင့် ဆင်းတုတော်သွန်းစေပြီး ဝေသာလီကျောက်လှေကားမြို့တွင်စေတီတည်၍ ဌာပနာထားခဲ့သည်။