မုဒြာဟန်နှင့် အဆင်တန်ဆာများ . . - Thi Ha Paing

Latest

VIA Myanmar Group Founder

About

BANNER 728X90

Sunday, June 14, 2015

မုဒြာဟန်နှင့် အဆင်တန်ဆာများ . .

မုဒြာဟန်နှင့် အဆင်တန်ဆာများ

မဟာကျိန်ဘုရားများသည် နန်းတက်သော ဘုရင်တစ်ပါးစီ၏ ဆန္ဒတော်အတိုင်း သွန်းလုပ်ပူဇော်ရသဖြင့် မုဒြာဟန်အဆင်တန်ဆာများတူညီမှုမရှိဘဲ ကွဲပြားခြားနားရသည်။
ထုလပ်သောရုပ်ပွားတော်များသည် ဘယ်ခြေဖ၀ါးကို ဘယ်ပေါင်ပေါ်တွင်တင်ထားသည့်ပုံစ့တစ်မျိုးနှင့်ခြေဖ၀ါးဖက်လုံးကို တင်ပလ္လင်ခွေပေါ်တွင် ပက်လက်လှန်၍ ဘယ်/ညာ တစ်ဖက်တစ်ချက်စီယှက်ပြီး တင်ထားသော ပုံစံတစ်မျိုးဟူး၍ စုစုပေါင်း (၂) မျိုးရှိပါသည်။
၁။ ဘူမိဖဿမုဒြာ
ဘယ်ဘက်လက်ဖ၀ါးကို တင်ပလင်က္ခင်ခွေပေါ်တွင် ပက်လက်လှန်ထား၍ ဆေးတော်အိုး (အမြို့အိုး) ကို တင်ထားရပါသည်။ ညာဘက်လက်ကို ညာဒူးပေါ်တွင် မှောက်လျက် တင်ထားပြီး လက်ချောင်းထိပ်ဖျားများက မြေကြီး(သို့) ပလက္ခင်တော်ကို ထိနေရသည့်ဟန်ဖြစ်ပါသည်။
၂။ ဈနမုဒြာ
လက်တော်(၂) ဖက်ယှက်၍ ဘယ်လက်ဖ၀ါးပေါ်တွင် ညာလက်ဖ၀ါးတင်၍ လက်တော်၏ပုံသဏ္ဍာန်မှာ ပက်လက်ဖြစ်ပြီး လက်မထိပ် ၂ ခုကို ထိနေရမည်။ ထိုလက်ဖ၀ါးပေါ်တွင် အမြိုက်အိုးတင်ထားသည့်ဟန်ဖြစ်ပါသည်။
၃။ ၀ီရမုဒြာ
တင်ပလက္ခင်ခွေပေါ်တွင် ဘယ်ဘက်လက်ဖ၀ါးကိုပက်လက်လှန်ထား၍ အမြိုက်အိုး(သို့) တစ်စုံတစ်ရာကိုကိုင်ထားသည့်ပုံစံဖြစ်ပြီး ညာလက်တော်သည် အပေါ်သို့ တစ်တောင်ဆစ်ကွေး၍ထောင်ထားပြီး လက်ဖ၀ါးတော်ကို ဒေါင်လိုက်ထောင်ထားသည့် ဟန်ဖြစ်ပါသည်။
သွန်းလုပ်သည့်အရွယ်အစား
မဟာကျိန်ဘုရား၏ ဆင်းတုတော်အတိုင်းအတာမှာ တည်ထားကိုးကွယ်မည့် ဘုရင်တစ်ပါးစီ၏ ဆန္ဒတော်အတိုင်း အကြီးဆုံးသည် ဥာဏ်တော်တစ်တောင် ခန့်ဖြစ်ပြီး အငယ်ဆုံးသည် ဥာဏ်တော်တစ်မိုက်ဖြစ်ပါသည်။
ပူဇော်ရပါသည်။ ထိုမဟာကျိန်ဘုရားကို မင်းဝတ်တန်ဆာများဝတ်ဆင်ထားခြင်းကို တေါပရှိရခြင်းအားဖြင့် ရှေးရခိုင်မင်းမြတ်များ၏ ၀တ်စာဆင်ယင်ပုံကို ထင်ဟပ်ပေါ်လွင်နေပါသ်ာ။ ဗုဒ္ဓါဘိသေကကျမ်း ရှေးဟောင်းပေမူ၌ တိုင်းပြည်အုပ်ချုပ်သော ဘုရင်များသည် နန်းတက်၍ ဘိသိက်မင်္ဂလာမမြှောက်မီ ဦးစွာ ဗုဒ္ဓါဘိသေကမင်္ဂလာပြုလုပ်ရကြောင်းပါရှိပါသည်။ ယင်းခေတ်အခါက ဘုရင်များ ဦးထိပ်ထား၍ ကျိန်ဆိုသစ္စာပြုရသော ဗုဒ္ဓရုပ်ပွားတော်များကို မဟာကျိန်ဘုရားဟုခေါ်ပါသည်။
အေဒီ ၄ ရာစုအတွင် ဝေသာလီခေတ်၊ ရခိုင်ဘုရင်များသည် နန်းတက်မင်္ဂလာ အခမ်းအနားပွဲအတွက် နန်းတက်ဘုရား (သို့) ရာဇဘိသေက ဘုရား (သို့) မဟာကျန်ဘုရားတစ်ဆူစီကို သွန်းလုပ်ပူဇော်လျက် တိုင်းပြည်၏ ဘာသာရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ စီမံခန့်ခွဲရေးများကို မင်းကျင့်တရားနှင့် အညီ သစ္စာအဓိဌာန်ပြုစိုးစံအုပ်ချုပ်ခဲ့ရသည်ဖြစ်သောကြောင့် မဟာကျိန်သစ္စာရှင်ဘုရားဟု အမည်သမုတ်သည်ဟု မှတ်ယူနှိင်ပါသည်။