ကျွန်တော်တို့ Adithtan Free Education Computer Training သင်တန်း - Thi Ha Paing

Latest

VIA Myanmar Group Founder

About

BANNER 728X90

Thursday, June 30, 2016

ကျွန်တော်တို့ Adithtan Free Education Computer Training သင်တန်း



ကျွန်တော်တို့ Adithtan Free Education Computer Training သင်တန်းကျောင်းကနေ သင်တန်းကြေး ပေးသွင်းစရာမလိုဘဲ ကွန်ပျူတာသင်တန်း တွေကို အပတ်စဉ် တန်းခွဲသစ်တွေ ဖွင့်လှစ်သင်ကြားလျှက်ရှိပါတယ်။
ဖွင့်လှစ်သင်ကြားလျှက်ရှိသည့်သင်တန်း
တွေကတော့ -
> Window 7 Operating System(OS) နှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များ Window တင်ခြင်း Software install/uninstall ပြုလုပ်ခြင်း Control Panel တွင် ပါရှိသည့် Tools များအားအသုံးပြုတတ်စေရန် စာတွေ့လက်တွေ့သင်ကြားပေးမယ့် Advanced သင်တန်း

 > Microsoft Word ဆော့ဖ်ဝဲကို အသုံးပြုပြီး ရုံးစာများအား Formating ကျကျအသုံးပြုရိုက်တတ်စေရန်သင်ကြားပေးပြီး ရုံးလုပ်ငန်း/လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မယ့်

Advanced World သင်တန်း
> Microsoft Excel ဆော့ဖ်ဝဲကို အသုံးပြုပြီး Formula များဖြင့်စာရင်းဇယားများပြုလုပ်ခြင်း Hyperlink များချိတ်ဆက်ခြင်းတို့ကို သင်ကြားပေးပြီး ရုံးလုပ်ငန်းများ/လုပ်ငန်းခွင်များတွင် ဝင်ရောက် လုပ်ကိုင်နိုင်မယ့်

Advanced Excel သင်တန်း
> Microsoft PowerPoint ဆော့ဖ်ဝဲကို အသုံးပြုပြီး Presentation များပြုလုပ်ရာတွင် Animation Effect များ Sound Effect များ Timing Control များ Hyperlink များ ချိတ်ဆက်ခြင်းတို့ကို သင်ကြားပေးပြီး ရုံးလုပ်ငန်းများ/လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မယ့် Advanced PowerPoint သင်တန်း

 > Adobe PageMaker ဆော့ဖ်ဝဲကိုအသုံးပြုပြီး လိပ်စာကတ်များ လက်ကမ်းစာစောင်များ ဖိတ်စာများအား လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ သင်ကြားပေးမယ့် Advanced Desk Top Publication(DTP)

> CyberLink PowerDirector 12 ဆော့ဖ်ဝဲကိုအသုံးပြုပြီး ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ သင်ကြားပေးမယ့် Video Editing သင်တန်း

> Adobe Photoshop CS5 ဆော့ဖ်ဝဲကိုအသုံးပြုပြီး ဓါတ်ပုံများပြင်ဆင်တည်းဖြတ်ခြင်း၊ လိပ်စာကဒ်များ လက်ကမ်းစာစောင်များ စတဲ့ ဒီဇိုင်းတွေအပါအ၀င် ကွန်ပျူတာဒီဇိုင်းလုပ်ငန်းနဲ့ပတ်သတ်လို့ သင်ကြားပေးမယ့် Graphic Design သင်တန်း

> AutoCAD 2010 ဆော့ဖ်ဝဲကိုအသုံးပြုပြီး ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေမှာ လစာကောင်းကောင်းနဲ့ ၀င်ရောက်လုပ်ကိုင်နိုင်သလို ကျွမ်းကျင်ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လို့ရနိုင်တဲ့ AutoCAD -Civil & Mechanical (2D,3D & Isometric drawings) သင်တန်း

> ကွန်ပျူတာ System Unit အကြောင်း ကွန်ပျူတာ OS အကြောင်း၊ Microsoft Word 2007 Microsoft Excel 2007 Microsoft PowerPoint 2007 Adobe PageMaker ဆော့ဖ်ဝဲတွေအကြောင်း သင်ကြားပေးမယ့် Computer Basic သင်တန်းတို့ပဲ ဖြစ်ပါတယ်။

> အဓိဌာန်ပညာဒါန(အခမဲ့)ကွန်ပျူတာ သင်တန်းသည် ကွန်ပျူတာပညာရပ်အား လေ့လာသင်ယူလိုသည့် သူများအတွက် ငွေပေးသွင်းစရာမလိုဘဲ (အခမဲ့) သင်ကြားလျှက်ရှိသည့် ပညာဒါန သင်တန်းဖြစ်သည်။
သင်တန်းတက်ရောက်သည့် သင်တန်းသား/သူများအား ကျွမ်းကျင် ဆရာ/ဆရာမတွေက အမှန်တကယ် တတ်မြောက်သည်အထိသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
# သင်တန်းတက်ရောက်လိုသည့်သူများ အနေဖြင့် သင်တန်းကျောင်းတည်ရှိရာ လောကမာရဇိန်ဘုရားကြီးသိမ်တော်ခြံဝင်းအတွင်းဖွင့်လှစ်လျှက်ရှိသည့် အဓိဌာန်ပညာဒါန ကွန်ပျူတာသင်တန်းကျောင်းမှ လျှောက်လွှာများအား (အခမဲ့)ရယူလျှောက်ထားနိုင်ပါသည်။
# သင်တန်းနဲ့ပတ်သက်ပြီးအသေးစိတ်
သိလိုပါက
> ဖုန်း - ၀၉၄၂၁၇၂၆၉၉၈/
၀၉၂၆၀၀၉၅၇၇၅/၀၉၄၂၁၇၃၇၁၀၀ ကိုဆက်သွယ်ပြီးတော့ ဖြစ်စေ၊
အဓိဌာန်ပညာဒါနကွန်ပျုတာသင်တန်း တည်ရှိရာ ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက် လောကမာရဇိန်ဘဘုရားကြီးသိမ်တော်ဝင်းအတွင်းဖွင့်လှစ်ထားရှိသည့် အဓိဌာန်ပညာဒါနကွန်ပျူတာသင်တန်းကျောင်းသို့ လူကိုယ်တိုင်လာရောက်ပြီးဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။
https://web.facebook.com/addithtan
https://www.adithtan.blogspot.com
Email-adithtanfreecomputer@gmail.com