ဒုတိယအဆင့် (၂၇) ရက် - Thi Ha Paing

Latest

VIA Myanmar Group Founder

About

BANNER 728X90

Monday, June 15, 2015

ဒုတိယအဆင့် (၂၇) ရက်

ဒုတိယအဆင့် (၂၇) ရက်
  • အရဟံ 
  • သမ္မသမ္ဓုဒ္ဓေါ 
  • ၀ိဇ္ဇာစရဏသမ၌န္နော
  • သုဂတော
  • လာက၀ိဒူ
  • အနုတ္တရော ပုရိသဓမ္မသာရထိ
  • သတ္တောဒေ၀မနုဿနံ
  • ဗုဒ္ဓေါ
  • ဘဂ၀ါ 
ဂုဏ်တော်ကိုးပါးကို 
အဓိဌာန်ပြည့်အောင် တစ်ရက်လျှင် တစ်ပါးကျစိတ်၍ အောင်ပွဲကျင်းပလေ။
တတိယ၊ စတုတ္ထစသော အဆင့်များကို ဆက်လက်အားထုတ်လိုပါက (အဓိဌာန် ဆရာတော်ဘုရား၏ မဟာဇေယျ သိဒ္ဓိကျင့်စဉ်ကျမ်းကို ရှုပါ)
အမျှပေးဝေခြင်းနှင့် သာဓုအနု မောဒနာပြုခြင်း၊ အကျွန်ုပ်ပြုရသော ကုသိုလ်ကံ၏ အဖို့ပါကကို မိခင်၊ ဖခင်၊ ဆရာရှင်နှင့်တကွ ကိုယ်စောင့်နတ်၊ အဓိဌာန်သိမ်တော်စောင့်နတ်၊ ပြည်စောင့်နတ်၊ တောစောင့်နတ်၊ ရေစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ အာကာသစိုး၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ နဂါး၊ ဂဋ္ဌုံ၊ ကုမ္ဘာန်ယက္ခ၊ ဂန္ဓဗ္ဗနှင့် စတုလောကပါလ စစွာသောင်းသောင်း သုံးဆယ့်တစ်ပုံ ကျင်လည်နေကြကုန်သော ဒုက္ခိတ၊ သုခိတ၊ ဝေနေယျ သတ္တ၀ါ အပေင်းတို့အား အမျှပေးဝေလိုက်ပါ၏။ အမျှ – အမျှ – အမျှ ယူတော်မူကြပါကုန်လော့ . . .။
အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရွှင်လန်းနိုင်ကြပါသော်ဝ်။
သူတော်စင် သူတော်ကောင်းအပေါင်းတို့ ပေးပို့လိုက်သော မဟာဇေယျသိဒ္ဓိဆုတော်မြတ်နှင့် မေတ္တာ ဘ၀နာ တို့ကိုလည်း သာဓု – သာဓု – သာဓုပါ ဘုရားဟုဆိုကာ ကြေးစည် သုံးကြိမ်တီး၍ အဓိဌာန်မှ ထပါကုန်။